Myanmar Ivy College of Business and Technology ၏ အမေရိကန်ပညာရေး အစီအစဉ်များ

      အမေရိကန်ပညာရေးသည် လွန်စွာရှုပ်ထွေးလှသော်လည်း ကျောင်းသားများနှင့် လိုက်လျောညီထွေဖြစ် စေမည့် ရွေးချယ်မှုများစွာကိုလည်း ပေးအပ်လျက်ရှိပါသည်။ ရာပေါင်းများစွာသော ကမ္ဘာ့အသိအမှတ်ပြု အမေရိကန်တက္ကသိုလ်များသို့ ဝင်ရောက်နိုင်ရန် သင်သည်အထက်တန်းကျောင်းတွင် ထိပ်တန်း ထူးချွန် နေရန်မလို ပါ။ ကျောင်းသားတစ်ဦးသည် ကြိုးကြိုးစားစားနှင့် ပြင်းပြင်းပြပြ သင်ယူနေလိုသည့် ဆန္ဒရှိနေသမျှ ကာလပတ်လုံး အမေရိကန်ရှိ အသိအမှတ်ပြုတက္ကသိုလ်များမှ အင်ဂျင်နီယာဘွဲ့ သို့မဟုတ် မိမိသင်ယူလိုသည့် မည်သည့်ဘွဲ့ကို မဆို ဆွတ်ခူးရရှိနိုင်မည် ဖြစ်ပါသည်။ သင်၏ရွေးချယ်မှုများကို တက္ကသိုလ်ဝင်တန်းရလဒ်များနှင့် ကန့်သတ်ထား ခြင်းမရှိပါ။

      Myanmar Ivy College တွင် အမေရိကန်နို်င်ငံမှ ကမ္ဘာ့အသိအမှတ်ပြု ဘွဲ့များကိုနှင်းအပ်နိုင်မည့် သင်တန်းအစီအစဉ်များရှိနေပြီ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သင်တန်းအစီအစဉ်များမှာ မြန်မာကျောင်းသားများနှင့် လိုက်လျောညီထွေဖြစ်စေပြီး ကုန်ကျစရိတ် သက်သာစေမည့် အစီအစဉ်များဖြစ်ရန် သေချာစွာ ဂရုစိုက် ရွေးချယ်ထားသော အစီအစဉ်များဖြစ်ပါသည်။ ကျွန်ုပ်တို့၏ပညာရေးအစီအစဉ်များကို တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးသူတိုင်း (တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးပါရှိသော သို့မဟုတ် ရမှတ်များသော  ကျောင်းသား ကျောင်းသူများအတွက် သက်သက်မဟုတ်) တက်ရောက်ခွင့်ပြုထားပါသည်။ ပညာရေးတွင် ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်စွမ်းရှိသော ကျောင်းသားများမှာ ဘွဲ့ကို စောလျင်စွာ ရရှိနိုင်ခြေရှိသကဲ့သို့ ပညာရေးတွင် လုပ်ဆောင်နိုင်အားနည်းသော ကျောင်းသားများမှာလည်း လုံလောက်သော ကြိုးစားအားထုတ်မှု၊ ပိုမို လုံ့လ ဝီရိယစိုက် အားထုတ်မှုများဖြင့် အချိန်အနည်းငယ်ပိုယူပြီး ဘွဲ့ရရှိနိုင်မည် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ သင်တန်းအစီအစဉ်များကို ကျောင်းသားတစ်ဦး သည် အနိမ်းဆုံးဖြစ်နိုင်မည့် ကုန်ကျစရိတ်ဖြင့် ဘွဲ့တစ်ခုရရှိ ပြီးမြောက်စေရန် စီစဉ်ထားရှိပါသည်။ ပညာသင်ဆု ရရှိသည့်တိုင် အမေရိကန်နိုင်ငံတွင် ပညာသင်ကြားရေးမှာ လွန်စွာအကုန်အကျများမည် ဖြစ်ပါသည်။ သို့ရာတွင် အမေရိကန်ပညာရေးစနစ် သည်  ကျောင်းသားများအတွက် ကုန်ကျစရိတ်သက်သာစေရန် ပြုလုပ်နိုင်သော နည်းလမ်းများစွာကိုလည်းဖွင့်ပေး ထားပါသည်။ ဥပမာအားဖြင့် ကျောင်းလခသက်သာသော ကျောင်းများတွင် (၂)နှစ်၊ (၃)နှစ်ခန့် တပ်ရောက်သင်ယူပြီးနောက် မိမိတက်ရောက်လိုသည့် ကျောင်းသို့ ပြောင်း ရွှေ့တက်ရောက်ခြင်းဖြင့် ဘွဲ့ရယူ နိုင်ပါသည်။ ထို့အပြင်သင်တန်းကြေးသက်သာသည့် အမျိုးမျိုးသော သင်တန်းများ ၊ စာမေးပွဲများကို   ပေါင်းစပ်တက်ရောက်ပြီး အမေရိကန်နိုင်ငံတွင် တက်ရောက်သင်ကြားရာ၌ ကုန်ကျမည့်စရိတ်ထက် များစွာ  သက်သာသော ကုန်ကျစရိတ်ဖြင့် ဘွဲ့တစ်ခုကို ပြီးမြောက်အောင်မြင် ရယူနိုင်မည် ဖြစ်ပါသည်။

Frequently Asked Questions

မေး –     မည်သည့် အဓိကဘာသာရပ်များ သင်ယူနိုင်မည်နည်း ?

ဖြေ  –     ယခုလက်ရှိတွင် စီးပွားရေး (Business) ၊ သတင်းအချက်အလက်နည်းပညာ (IT) နှင့် အင်ဂျင် နီယာဘာသာရပ် အချို့တို့ကို သင်ယူနိုင်မည်ဖြစ်ပါသည်။

မေး –     သင်ယူမည့် အချိန်ကာလ မည်မျှကြာမြင့်မည်နည်း ?

ဖြေ  –     ကျောင်းသားများရွေးချယ်သော အမေရိကန်နိုင်ငံရှိ တက္ကသိုလ်နှင့် အဓိကဘာသာရပ်များ အပေါ်မူတည်ပါသည်။ အမေရိကန်ဘွဲ့တစ်ခုလုံးကို မြန်မာနိုင်ငံ၌ပင် ပြီးမြောက်နိုင်မည် ၊ သို့မဟုတ် Myanmar Ivy College တွင် (၃)နှစ် တက်ရောက်ပြီး အမေရိကန်နိုင်ငံတွင် နောက်ဆုံးနှစ် (၁)နှစ် ၊(၂)နှစ် တက်ရောက်ခြင်းဖြင့် လည်း ပြီးမြောက်အောင်မြင်နိုင်မည် စသည်တို့ပေါ်တွင် မူတည်ပါသည်။

           တက္ကသိုလ်များ၏ အသေးစိတ်အချက်အလက်များကို Myanmar Ivy College ရုံးခန်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မေး –     ကျောင်းသားများ အောင်မြင်ပြီးမြောက်နိုင်ကြောင်း အာမခံနိုင်ပါသလား ?

ဖြေ  –     ကျွန်ုပ်တို့၏ သင်ကြားရာတွင် အသုံးပြုမည့် အထောက်အကူပစ္စည်းများ သင်ကြားမှု စံနှုန်းများ အတွက် အာမခံနိုင်ပါသည်။ သင်တန်းတစ်ခု ပြီးမြောက်အောင်မြင်နိုင်ရန် ကျောင်းသား၏ ကြိုးပမ်းအားထုတ်မှု လည်း များစွာ လိုအပ်ပါသည်။

မေး –     ကျောင်းဝင်ခွင့်အတွက် မည်သည့် အချက်များ လိုအပ်ပါသနည်း ?

ဖြေ  –     မြန်မာတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ IGCSE အောင်မြင်ပြီးသူများသည် ဝင်ခွင့်ရရန်   ပြည့်မီသူများဖြစ်ပါသည်။ အဆင့်၊ ရမှတ် စသည့် ကန့်သတ်ချက်များမရှိပါ။ သို့သော် ဝင်ခွင့်စံနှုန်းများ ရံဖန်ရံခါ ပြောင်းလဲမှုများရှိနိုင်သဖြင့် Myanmar Ivy College ရုံးခန်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

           ကျောင်းးသားများသည် IELTS 6.0 သို့မဟုတ် အလားတူ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု ရှိရန် လိုအပ်ပါသည်။

မေး –     ကျောင်းသားများ၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုအတွက် ပြင်ဆင်နိုင်ရန် အကူအညီ  ပေးနိုင်ပါသလား ?

ဖြေ  –     ကူညီပေးနိုင်ပါသည်။ အခြေခံအင်္ဂလိပ်စာသင်တန်းများကို ပို့ချပေးပါသည်။ အဆိုပါ အခြေခံ သင်တန်းများသည် ကျောင်းသားးများအတွက် အင်္ဂလိပ်ဘာသာစကား စာမေးပွဲဖြေဆိုနိုင်ရန် ပြင်ဆင်ပေးသည် သာမက အမေရိကန်တက္ကသိုလ်များသို့ တက်ရောက်ရာတွင်လည်း အောင်မြင်နိုင်ရန်လိုအပ်သော အင်္ဂလိပ်စာပေနှင့်  ကျွမ်းကျင်မှုကိုပါ ပြင်ဆင်ပေးပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အခြေခံ သင်တန်းသည် (၃)လမှ (၄)လခန့် ကြာမြင့်မည်ဖြစ်ပါသည်။ ကျောင်းသားများအနေဖြင့် အခြေခံသင်တန်းပြီးမြောက်ပါက IELTS စာမေးပွဲကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပါသည်။

           အကယ်၍ IELTS ဖြေဆိုပြီး အဆင့်(၆) မရခဲ့လျှင် ကျွန်ုပ်တို့အနေဖြင့် အင်္ဂလိပ်စာ စာမေးပွဲ   ဖြေဆိုနိုင်ရန် အခမဲ့ ထပ်မံပို့ချပေးမည်ဖြစ်ပါသည်။