တက္ကသိုလ်များ အဆင့်သတ်မှတ်ခြင်းအကြောင်း သိကောင်းစရာ

အပိုင်း(၁)

ပထမဦးဆုံးအနေနှင့်တက္ကသိုလ်များ ၏အဆင့်ကို သတ်မှတ်သည့်နည်း စနစ်များမှာ များစွာရှုပ်ထွေး သဖြင့် ကျောင်း သားများ အနေဖြင့် အဆိုပါ အဆင့်သတ်မှတ်ချက်တစ်ခုတည်း အပေါ်အားထားပြီး မည်သည့် တက္ကသိုလ်ကို ရွေးချယ်မည်ဟု မဆုံးဖြတ်သင့်ပါ။

အများသိပြီးဖြစ်သော တက္ကသိုလ်အဆင့်(University Ranking)သတ်မှတ်နည်းတစ်ခုမှာ တက္ကသိုလ်များ၏ အချက်အလက်အားလုံးကိုခြုံငုံသုံးသပ်ပြီး အဆင့်သတ်မှတ်ခြင်း (Overall Ranking) ပင်ဖြစ် ပါသည်။ ဤအဆင့်သတ်မှတ်ခြင်းစနစ်တွင် ဘွဲ့ကြို(Bachelor)၊ ဘွဲ့လွန်(Master’s Degree)၊ အဓိကဘာသာရပ် (Majors)  စသည်တို့ကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ တက္ကသိုလ်များ၏အရည်အသွေးကို သာ ခြုံငုံသုံးသပ်ပြီး အဆင့် သတ်မှတ်ခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် ကျယ်ပြန့်စွာအသုံးပြုသည့် အဆင့် သတ်မှတ်ချက် အစီရင်ခံစာမှာ “US News and World Report” ပင် ဖြစ်ပါသည်။

အောက်ပါသုံးသပ်ချက်သည် သီးခြားဖော်ပြမထားလျင် ၂၀၁၈ခုနှစ်အတွက် ထုတ်ပြန်ထားသော အစီရင်ခံစာ အပေါ် အခြေခံထားခြင်းဖြစ်ပါသည်။

https://www.usnews.com/best-colleges/ranking/national-universities

ဤအစီရင်ခံစာတွင် Princeton တက္ကသိုလ်သည်အဆင့်(၁)ဖြစ်ပြီး ယင်း၏နောက်တွင် Harvard တက္ကသိုလ် အဆင့်(၂)၊ Yale နှင့် University of Chicago တို့က ပူးတွဲအဆင့်(၃)စသည်ဖြင့် သတ်မှတ်ထားရှိ ပါသည်။ ဤနေရာတွင် တစ်ခုသတိပြုရမည်မှာ အဆင့်သတ်မှတ်ချက်များသည် တစ်နှစ်နှင့်တစ်နှစ် မတူကွဲပြားမှုရှိပြီး တစ်ခါတစ်ရံတွင် ကွဲပြားကွာဟမှု ကြီးမားတတ်ပါတည်။ ထို့ကြောင့်ပင် ကျောင်းသားတစ်ဦး အနေဖြင့် အဆင့်(၁) Princeton ကိုတက်သည်ဖြစ်စေ သို့တည်းမဟုတ် အဆင့်(၅) MIT(သို့မဟုတ် Standford) ကိုတက်သည်ဖြစ်စေ ကွာခြားမှုများစွာရှိမည် မဟုတ်ပေ။ အမှန်အားဖြင့် ထိပ်တန်းအဆင့်(၂၀)၊ (၂၅)အတွင်းရှိသည့် တက္ကသိုလ်များ၏ တစ်ခုနှင့်တစ်ခုကွာခြားမှုမှာ များစွာနည်းပါးပါသည်။ ကွာခြားမှုရှိလျှင် လည်း အနည်းအကျဉ်းမျှသာ ဖြစ်ပါလိမ့်မည်။

ထို့နောက် ထိပ်တန်းတက္ကသိုလ်များနှင့် အနီးကပ်ဆုံးရှိသည့် တက္ကသသိုလ်များမှာ အဆင့်(၂၀)၊ (၃၀) အတွင်းရှိ တက္ကသိုလ်များ ဖြစ်ပါသည်။ ကောင်းစွာလေးစားထိုက်သည့် တက္ကသိုလ်များဖြစ်သည့်  University of Michigan ၊ New York University တို့မှာ အဆိုပါ တက္ကသိုလ်အမျိုးအစားတွင် ပါဝင်ပါသည်။ ယင်းနောက် အဆင့်(၄၀)၊ (၅၀)အတွင်းရှိ တက္ကသိုလ်များမှာလည်း အများသုံးစံနှုန်းဖြင့် စဉ်းစားလျှင် ပထမ အဆင့်ဝင်နိုင်သည့် တက္ကသိုလ်များ ဖြစ်ကြပြီး  ယင်းတို့ထဲတွင် University of Texas-Austin ၊ University of Washington နှင့် University of Maryland တို့ပါဝင်ပါသည်။ ယခုအချိန်ထိ ဖော်ပြခဲ့သော တက္ကသိုလ်များမှာ ထိပ်တန်းအဆင့်(၁၀၀)အတွင်း ပါဝင်သော တက္ကသိုလ်များဖြစ်ကြပါသည်။ ဤကဲ့သို့အဆင့်များကို သတ်မှတ်ထားသော်ငြားလည်း အဆင့်(၁၁၀) သတ်မှတ်ထား သည့် တက္ကသိုလ်တစ်ခုသည် အဆင့်(၁၀၀) သို့မဟုတ် အဆင့်(၉၀)ရှိ တက္ကသိုလ်များနှင့်  များစွာကွာခြားမှု မရှိကြောင်း ကျောင်းသားများအနေဖြင့် သတိပြုမိနိုင်ပါသည်။ အမေရိကန်တက္ကသိုလ်များကို စဉ်းစားရာ၌   ကျောင်းသားအများစုသည် ထိပ်တန်းအဆင့်(၂၀)၊ (၃၀)အတွင်းရှိ တက္ကသိုလ်များသို့ ၀င်ခွင့်ရရန် အိမ်မက်မက်လေ့ ရှိကြပါသည်။ သို့ရာတွင် ထိုထိပ်တန်းအဆင့် တက္ကသိုလ်များအပြင် နောက်ထပ်အဆင့်(၅၀)၊ (၁၀၀)အတွင်းရှိ တက္ကသိုလ်များကို ၀င်ခွင့်ရလျှင်လည်း အဆင့်အတန်းမြင့်မားသော ပညာရေးကိုရရှိနိုင်ကြောင်း သိရှိရပါမည်။

တက္ကသိုလ်များအဆင့်သတ်မှတ်ခြင်းကို US News အပြင် Times Higher Education ကလည်း သတ်မှတ် ထားသော အစီရင်ခံစာတစ်ခုလည်းရှိသေးကြောင်း တွေ့နိုင်ပါသည်။

California Institute of Technology ကို Times က အဆင့်(၁)အဖြစ်သတ်မှတ်ထားသော်လည်း US Newsကမှု အဆင့်(၁၀)အဖြစ်သာ သတ်မှတ်ပါသည်။ တက္ကသိုလ်အားအဖွဲ့အစည်းတစ်ခုမှ အဆင့်(၁)အဖြစ်သတ်မှတ် ထားသော်လည်း အခြားအဖွဲ့အစည်းတစ်ခုက အဆင့်(၁၀) သို့တည်းမဟုတ် အဆင့်(၂၀)အဖြစ် သတ်မှတ်ထားတတ် သည်ကို ကျောင်းသားများအနေဖြင့် နားလည်သဘောပေါက်ထားရမည် ဖြစ်ပါသည်။ University of Michigan ကို Times က အဆင့်(၁၆) သတ်မှတ်ပေးထားသော်လည်း US News ကမှု အဆင့် (၂၈)သတ်မှတ်ပေးထားပါသည်။ အလားတူ University of Washington ကို Times က အဆင့်(၁၈) သတ်မှတ်ထားသော်လည်း US News ကမှု အဆင့်(၅၆)သတ်မှတ်ထားပါသည်။ ယခုဆိုလျှင် တက္ကသိုလ်တစ်ခုကို အဖွဲ့အစည်းတစ်ခုက ထိပ်တန်းအဆင့်(၂၀)တွင် ပါဝင်သည်ဟု သတ်မှတ်ထားသော်လည်း အခြားအဖွဲ့တစ်ခုကသတ်မှတ်ချက်တွင် ထိပ်တန်းအဆင့်(၅၀)ထဲတွင်ပင် ပါဝင်ကောင်းမှပါဝင်နိုင်ပါမည်ဖြစ်ပါသည်။ အလားတူ University of Maryland ကို Times က အဆင့်(၃၃) သတ်မှတ်ထားသော်လည်း US News ကမူအဆင့်(၆၁)သတ်မှတ်ထားပါသည်။ ဤကဲ့သို့ကွာခြားရခြင်းမှာ အဆင့်သတ်မှတ်ရာတွင် အသုံးပြုသည့်နည်းစနစ်များ အဖွဲ့တစ်ခုနှင့်တစ်ခု မတူခြင်းကြောင့် ဖြစ်ပါသည်။

 

အပိုင်း(၂)

ဘွဲ့လွန်တန်းနှင့်ဘွဲ့ကြိုတန်း ၊ အဓိကဘာသာရပ်အလိုက် အဆင့်သတ်မှတ်ခြင်း။

အချို့တက္ကသိုလ်များမှာ ဘွဲ့ကြိုတန်းအတွက်သီးသန့်ရည်ရွယ်ထားသော်လည်းတစ်ချို့တက္ကသိုလ်များမှာမူ သုတေသန လုပ်ငန်းများကို ယင်းတို့၏အဆင့်အတန်းရှိ ပါရဂူဘွဲ့ (PhD.) အတွက် အာရုံစူးစိုက်သင်ကြားကြသည်ကို တွေ့ရမှာ ဖြစ်ပါသည်။ ဘွဲ့ကြိုတန်းနှင့်ဘွဲ့လွန်တန်း နှစ်ခုစလုံးအတွက်ကောင်းသည့် တက္ကသိုလ်များလည်း ရှိကြပါသည်။ အမှန်အားဖြင့် ဘွဲ့လွန်တန်းများတွင် ကောင်းစွာသင်ကြားပို့ချနိုင်သော တက္ကသိုလ်များသည် အပြန်အလှန်အားဖြင့် ဘွဲ့ကြိုအတန်းများတွင်လည်း ကောင်းစွာသင်ကြားပို့ချနိုင်သည်ကိုတွေ့ရပါသည်။ အထူးသဖြင့် အဓိကဘာသာရပ် (Majors) များကို ခွဲခြားလိုက်ခြင်းအားဖြင့် ဘွဲ့လွန်တန်းနှင့်ဘွဲ့ကြိုတန်း သင်ကြားမှုအစီအစဉ်များကိုပါ သီးခြား ခွဲလိုက်နိုင်ပါ သည်။ ဤသို့အားဖြင့် အဆင့်သတ်မှတ်ခြင်းများမှာလည်း ပိုမိုတိကျလာပါသည်။ ဥပမာအားဖြင့် အင်ဂျင်နီယာ အဓိကဘာသာရပ်များ ဖြစ်ပါသည်။(မြို့ပြ၊ လျှပ်စစ်၊ စက်မှု စာသည်ဖြင့်)

US News က အဆင့်အမျိုးအစား (၂)ခု ခွဲခြားသတ်မှတ်လိုက်ပါသည်။ အမျိုးအစားတစ်ခုမှာ ပါရဂူဘွဲ့ သင်ကြားမှု အစီအစဉ်(သုတေသန လုပ်ငန်းပါဝင်သော)ကျောင်းများနှင့် အခြားအမျိုးအစားတစ်ခုမှာ ပါရဂူဘွဲ့အတွက် သင်ကြားမှုအစီအစဉ်မရှိသော ကျောင်းဟူ၍ ဖြစ်ပါသည်။

https://www.usnews.com/best-graduate-schools/top-engineering-schools/eng-rankings?int=997208

အင်ဂျင်နီယာ ပါရဂူဘွဲ့သင်ကြားမှုရှိသော တက္ကသိုလ်များတွင် MIT ကို အဆင့်(၁)သတ်မှတ်၍ ယင်းနောက်တွင် Standford နှင့် University of California Berkeley တို့ကို သတ်မှတ်ထားပါသည်။ အရည်အသွေးအားလုံး ခြုံငုံသုံးသတ်သည့် အဆင့်သတ်မှတ်ခြင်း (Overall quality ranking)တွင် အဆင့်(၁၀)နှင့် မနီးစပ်ခဲ့သော University of Michigan ကို ဘွဲ့လွန်အင်ဂျင်နီယာသင်ကြားမှု၌ Times နှင့် US News တို့ အဆင့်(၄)သတ်မှတ်ခဲ့ပါသည်။ Harvard ကို ယခင်အဆင့်သတ်မှတ်ခြင်းများ၌ ထိပ်တန်းဖြစ်ခဲ့သော်လည်း ဘွဲ့လွန်အင်ဂျင်နီယာတန်းတွင်မူ အဆင့်(၂၂)အဖြစ် သတ်မှတ်ခဲ့ပါသည်။ ကျွန်ုပ် တက်ရောက်ခဲ့သော University of Utah ကို စီးပွားရေးပညာရပ်တွင်  Us News က အဆင့်(၄၅) သတ်မှတ် ခဲ့သော်လည်း နိုင်ငံအဝန်း အရည်သွေးအားလုံးခြုံငုံသုံးသပ်မှုအဆင့် (Overall Quality Ranking) တွင်မူ အဆင့်(၁၁၀) သတ်မှတ်ခဲ့ ပါသည်။ ကျောင်းသားများအနေဖြင့် အင်ဂျင်နီယာနှင့်စီးပွားရေးပညာရပ်များတွင်လည်း အခြေခံအဓိက ဘာသာရပ် (Basic Majors) များဖြင့် ထပ်မံခွဲခြားနိုင်ပါသည်။ (ဥပမာ-လျှပ်စစ်၊ မြို့ပြ၊ စာရင်းကိုင်၊ ဘဏ္ဍာရေးစသဖြင့်) အလုံးစုံ  ခြုံငုံ သုံးသပ်ထားသည့်   အဆင့်တွင် New York University သည် အဆင့်(၃၀)ဖြစ်သော်လည်း ဘဏ္ဍာရေးနှင့် စပ်လျဉ်းသော ဘာသာရပ်အတွက်မှု အဆင့်(၂)ဖြစ်လာပါသည်။ စီးပွားရေး အချက်အချာမြို့တော်ဖြစ်သော New York တွင် တည်ရှိသဖြင့် စီးပွားရေးအဓိကဘာသာရပ်များ အားလုံးတွင် အဆင့်ကောင်းခြင်း ဖြစ်ပေလိမ့်မည်။ ဤအချက်အလက်များကို ထောက်ရှုလျှင် ကျောင်းသားများသည် အလုံးစုံအရည်အသွေး ခြုံငုံသုံးသပ်ပြီး သတ်မှတ်ထား သည့်အဆင့်(Overall Ranking) တစ်ခုတည်းပေါ်တွင်သာ မှီခိုမရွေးချယ်ဘဲ သက်ဆိုင်ရာအဓိကဘာသာရပ်အပေါ် အခြေခံပြီး သတ်မှတ်သည့် အဆင့်သတ်မှတ်ချက်ပေါ်တွင်ပါ ထည့်သွင်းစဉ်းစားရွေးချယ်သင့်ပါသည်။

အကောင်းဆုံး စီးပွားရေးတက္ကသိုလ်များတွင် Harvard သည် ထိပ်ဆုံးမှာဖြစ်ပြီး University of Chicago မှာ ဒုတိယအဆင့်ဖြစ်ပါသည်။ သို့ရာတွင် ဘွဲ့ကြိုနှင့်ဘွဲ့လွန်စီးပွားရေးပညာသင်ကြားမှု အစီအစဉ်များကို ခွဲခြားသုံးသပ်လိုက် လျှင် အဆင့်များပြောင်းလဲသွားသည်ကို တွေ့ရပါလိမ့်မည်။ Harvard မှာ အဆင့်(၁) မဟုတ်တော့ဘဲ University of Pennsylvania မှာ အဆင့်(၁)ဖြစ်လာပြီး MIT မှာ အဆင့်(၂)ဖြစ်လာပါတယ်။ ထို့ကြောင့်ပင် ဘွဲ့ကြိုတန်းသင်ကြားမှု အစီအစဉ်တွင် ထိပ်တန်းရှိနေသော တက္ကသိုလ်တစ်ခုသည် ဘွဲ့ကြို ဘွဲ့လွန် ခွဲခြားစမ်းစစ်သည့် အဆင့်သတ်မှတ်ခြင်း စနစ်တွင် ထိပ်တန်းအဆင့်၌ ရှိချင်မှရှိပေလိမ့်မည်။

လက်ရှိရှုပ်ထွေးလှသော တက္ကသိုလ်များအဆင့်သတ်မှတ်ခြင်းထက် ပိုမိုရှုပ်ထွေးသော အဆင့်သတ်မှတ်ခြင်း စနစ်တစ်ခုမှာ “ကမ္ဘာ့တက္ကသိုလ်များအဆင့်သတ်မှတ်ခြင်း (Global Ranking)” ပင် ဖြစ်ပါသည်။

ကမ္ဘာ့တက္ကသိုလ်များအဆင့်သတ်မှတ်ခြင်း (Global Ranking)း ပန်သီးနှင့်လိမ္မော်သီ်းနှိုင်းယှဉ်ခြင်း သို့မဟုတ် မတူညီသော စနစ်များအားနှိုင်းယှဉ်ခြင်း

US News မှ ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ပါသည်။

https://www.usnews.com//education/best-global-universities/rankings

ယင်းထုတ်ပြန်ချက်တွင် Harvard သည် ထိပ်ဆုံးနေရာ၌ရှိနေပြီး MIT မှာ ယင်းနောက်တွင်ရှိနေပါသည်။ Oxford ကိုမှုအဆင့်(၅)အဖြစ် သတ်မှတ်ထားပါသည်။ ဤနေရာတွင် မေးစရာမေးခွန်းတစ်ခုရှိပါသည်။ ကျောင်းသား တစ်ဦးသည် အဆင့်(၁) Harvard သို့မဟုတ် Oxford အဆင့်(၅) သို့တည်းမဟုတ် အဆင့်(၁၇) Imperial College London မည်သည့် တက္ကသိုလ်သို့သွားသင့်သည်ကို အထူးဂရုစိုက်စဉ်းစားစရာလိုသည်လားဟူ၍ဖြစ်ပါသည်။ အဖြေကတော့ မလိုအပ် ဖြစ်ပါသည်။

ယခု Times Higher Education မှာလည်းအလားတူ ကမ္ဘာ့တက္ကသိုလ်များအား အဆင့်သတ်မှတ်ခြင်းကို ထုတ်ပြန်ထားပါသည်။

https://www.timeshighereducation.com/world-university-rankings/2018/world-ranking#!/page/0/length/25/sort by/score overall/sort  order/asc/cols/scores

အဆိုပါထုတ်ပြန်ချက်တွင် Oxford သည် ထိပ်ဆုံးနေရာတွင်ရှိနေပြီး ယင်းနောက်တွက် Cambridge ရှိနေပါသည်။ Harvard ကိုမှု အဆင့်(၆)သတ်မှတ်ထားပါသည်။

ဤအဆင့်သတ်မှတ်ချက်(၂)ခုကိုကြည့်မည်ဆိုလျှင် များစွာသော ကွဲပြားခြားနားမှုကိုတွေ့ရမှာဖြစ်ပါသည်။ (အံ့သြစရာကောင်းစွာ US News မှာ Harvard ကို အဆင့်(၁) သတ်မှတ်ချိန်တွင် Times Higher Education က Oxford ကို အဆင့်(၁)သတ်မှတ်ပေးထားခြင်းဖြစ်ပါသည်။) အလားတူ University of California Berkeley ကို US News က အဆင့်(၄)သတ်မှတ်ထားချိန်တွင်  Times က အဆင့်(၁၈) သတ်မှတ်ပေးခဲ့ပါသည်။

ယခု “QS ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ခြင်း ၂၀၁၈ (QS World Ranking 2018)” ကိုကြည့်လျှင် MIT ၊ Standford နှင့် Harvard တက္ကသိုလ်များကို ထိပ်တန်းအဆင့်(၃)ခုတွင် သတ်မှတ်ထားပြီး၊ Cambridge နှင့် Oxford ကိုအဆင့်(၅)နှင့် အဆင့်(၆)အဖြစ် အသီးသီးသတ်မှတ်ပေးထားခြင်း ဖြစ်ပါသည်။

https://www.topuniversities.com/university-rankings/world-university-rankings/2018

မိမိတစ်ဦးတည်းအမြင်ဖြင့် Harvard နှင့် Oxford မည်သည့်တက္ကသိုလ်က ပိုကောင်းသည်ကို မပြောနိုင်ပါ။ သို့ရာတွင် ကျွန်ုပ်သည် University of Utah နှင့် မိမိပါရဂူဘွဲ့ ရရှိခဲ့သည့် Univesity of Alberta တို့တွင် နှစ်အတန်ကြာနေခဲ့ရာမှ အဆိုပါ တက္ကသိုလ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု များသောအားဖြင့် နှိုင်းယှဉ်နိုင်ကြောင်း ယုံကြည်စွာ ပြောဆိုနိုင်ပါသည်။

  • US News: University of Utah ကိုအဆင့်(၁၂၉)နှင့်

University of Albata ကို အဆင့်(၁၃၄)

  • Times: University of Utah ကိုအဆင့်(၂၀၁-၂၅၀)နှင့်

University of Albata ကို အဆင့်(၁၁၉)

  • QS : University of Utah ကိုအဆင့်(၃၉၁)နှင့်

University of Albata ကို အဆင့်(၉၀) အသီးသီး သတ်မှတ်ခဲ့ပါသည်။

ဤနေရာတွင်ထောက်ပြလိုသည်မှာ အမေရိကန်အဆင့်သတ်မှတ်ခြင်း(US News) က ထိပ်တန်းအဆင့်(၁၀၀) အတွင်းရှိ အမေရိကန်တက္ကသိုလ် တစ်ခု( ဥပမာ- University of Utah) ကို UK အဆင့်သတ်မှတ်ခြင်း (Times ၊ QS) မှ အဆင့်သတ်မှတ်လျှင် အဆင့်(၂၀၀)ကျော် သို့မဟုတ် အဆင့်(၃၀၀)ကျော် သို့ ရောက်သွားနိုင်ပါသည်။ ထိုနည်းအတိုင်း အခြားတစ်ဖက်မှကြည့်လျှင် London Schools of Economics and Political Science ကို Times မှ အဆင့်(၂၅)နှင့် QS မှ အဆင့်(၃၅)သတ်မှတ်ခဲ့သော်လည်း US News မှ အဆင့်(၂၄၄)သတ်မှတ်ခဲ့ခြင်းကို တွေ့ရမည် ဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် ယခုကျယ်ပြန့်စွာ အသုံးပြုလျက်ရှိသော AWUR (Academic World University Rankings) ကမ္ဘာ့အဆင့်သတ်မှတ်ခြင်း စနစ်ကိုဖော်ပြပါမည်။ ထိုစနစ်ကို ရှန်ဟိုင်းအဆင့်သတ်မှတ်ခြင်း အတိုင်ပင်ခံ အဖွဲ့(Shanghai Ranking Consultancy) မှပြုစုထားခြင်း ဖြစ်ပါသည်။

Harvard တက္ကသိုလ်သည် တဖန်ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာပြီး London Schools of Economics and Political Science က အဆင့်(၁၀၁)မှ (၁၅၀)ကြားသို့ရောက်ရှိသွားပါသည်။ ကျွန်ုပ်အနေဖြင့် မတူကွဲပြားသော စနစ်များနှင့် တက္ကသိုလ်အဆင့်သတ်မှတ်သည်များကို အသေးစိတ်ဆွးနွေးမည်မဟုတ်ပါ။ သို့သော် အဆင့်သတ်မှတ် ခြင်းအပေါ် မည်သို့သက်ရာက်မှုရှိကြောင်းကို ဆွေးနွေးမည်ဖြစ်ပါသည်။

U.S News

https://www.usnews.com/education/best-global-university/articles/methodology

Times Higher Education

https://www.timeshighereducation.com/world-university-rankings/methodology-world-university-rankings-2018

QS

https://www.topuniversities.com/qs-world-university-rankings/methodology

ARWU

https://www.shanghairanking.com/ARWU-Methodology-2017.html

အထက်ဖော်ပြပါ Website များတွင်ဖော်ပြထားသည့် ကမ္ဘာ့တက္ကသိုလ်များအတင့်သတ်မှတ်သည့် အဖွဲ့အစည်း အသီးသီးတို့၏ တွက်ချက်ပုံနည်းနစ်များကိုလေ့လာကြည့်လျှင် အချက်အလက်တစ်ခုပြောင်းလဲသွားသည်နှင့်  ရလဒ်ကို များစွာပြောင်းလဲသွားနိုင်ကြောင်း တွေ့ရမှာဖြစ်ပါသည်။

ဤအဆင့်သတ်မှတ်ချက်များမှ ကျွန်ုပ်တို့မည်သည်ကိုနားလည်လိုက်သနည်း? နည်းစနစ်များအပေါ်မူတည်ပြီး အဆင့်သတ်မှတ်ချက်တို့မှာ များစွာပြောင်းလဲနိုင်ကြောင်း နားလည်လိုက်ပါသည်။ London Schools of Economics and Political Science သည် ထိပ်တန်းအဆင့်(၂၅)၊ ထိပ်တန်းအဆင့်(၅၀)၊ ထိပ်တန်းအဆင့်(၁၅၀) သို့မဟုတ် အဆင့် (၂၅၀)စသည်ဖြင့် အဆင့်သတ်မှတ်သည့် အဖွဲ့အစည်း သို့မဟုတ် တိုင်းပြည်ပေါ်မူတည်ပြီး  ပြောင်းလဲ သွားနိုင်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ဤကဲ့သို့ပြောင်းလဲ သွားနိုင်မှုသည်  ကျောင်းသားများ၏ ကျောင်းရွေးချယ်ရာ၌ အထောက်အကူပြု နိုင်မည်မဟုတ်ပေ။

ကျောင်းသားများအနေဖြင့် ပြုလုပ်သင့်သည်မှာ..

၁။ မိမိသင်ကြားလိုသည့် အဓိကဘာသာရပ်(Major) ကိုရွေးချယ်ပါ။ ဥပမာအားဖြင့် အထက်တွင်ဖော်ပြထားသကဲ့သို့  အင်ဂျင်နီယာဘာသာရပ်တွင် အလွန်ကောင်းမွန်သည့် သင်ကြားမှုနောက်ခံရှိသော တက္ကသိုလ်တစ်ခုသည် စီးပွားရေး ဘာသာရပ်တွင် ကောင်းမွန်သော သင်ကြားမှုနောက်ခံ ရှိကောင်းမှရှိပေလိမ့်မည်။

၂။ မိမိသည် ဘွဲ့ကြိုတန်းကိုတက်မည် သို့မဟုတ် ဘွဲ့လွန်တန်း(အထူးသဖြင့် ပါရဂူဘွဲ့) မည့်သည့်အတန်းသို့တက်ရောက် မည်ကို ဖြည့်စွက်စဉ်းစားပါ။ အချို့တက္ကသိုလ်များသည် အလွန်ကောင်းမွန်သော သင်ကြားမှုအစီအစဉ်များရှိသော်လည်း ဘွဲ့လွန်တန်းအတွက် အလွန်ကောင်းမွန်သော သုတေသနအစီအစဉ်များ ရှိကောင်းမှရှိပေလိမ့်မည်။ အပြန်အလှန်အား ဖြင့် အချို့သောတက္ကသိုလ်များမှာ ဘွဲ့လွန်တန်းအတွက် အလွန်ကောင်းမွန်သော သုတေသနအစီအစဉ်များ ရှိသော်လည်း ဘွဲ့ကြိုတန်းအတွက် အလွန်ကောင်းမွန်သော သင်ကြားမှုအစီအစဉ်များ ရှိကောင်းရှိပေလိမ့်မည်။

၃။ ကျောင်းသားတစ်ယောက်သည် တက္ကသိုလ်များအဆင့်သတ်မှတ်ခြင်းကို မိမိ၏တက္ကသိုလ်ရွေးချယ်ရာ၌ စိစစ်ရာတွင် အသုံးပြုနိုင်ပါသည်။ ဥပမာ မိမိတက်ရောက်လိုသည့် အောက်ဆုံးအဆင့်တက္ကသိုလ်များနှင့် မိမိသို့မဟုတ် မည်သူမဆို တက်ရောက်လိုသည့် တက္ကသိုလ်အချို့ကို ခွဲခြားရာတွင်ဖြစ်ပါသည်။

ထို့ထက်ပို၍ဆိုရလျှင် အဆင့်(၁၀၀)သတ်မှတ်ထားသည့် တက္ကသိုလ်တစ်ခုနှင့် အလွန်အမင်းမကွာခြားလှသော အဆင့် (၁၂၀) သို့မဟုတ် အဆင့် (၁၅၀)ရှိသည့် အခြားတက္ကသိုလ်တစ်ခုနှင့် နှိုင်းယှဉ်ရွေးချယ်ရာတို့ဖြစ်ပါသည်။ သင့်၏ ကိုယ်ပိုင် ချင့်ချိန်ဆုံးဖြစ်ဖြတ်မှု လိုအပ်ပါသည်။

၎။ ကမ္ဘာ့အဆင့်သတ်မှတ်ချက် (Global Ranking)၊ အမေရိကန်အဆင့်သတ်မှတ်ချက် (US Ranking)စသည်ဖြင့် မည်သည့်သတ်မှတ်ချက်ဖြင့် တိုင်းတာသည်ဖြစ်စေ တက္ကသိုလ်အချို့သည် ထိပ်တန်းမှာရှိနေကြပါသည်။ (ဥပမာ Harvard၊ MIT၊ Oxford၊ Cambridge စသည်ဖြင့်)၊ ယင်းတို့ကိုအလွယ်တကူ ခွဲခြားသိမြင်နိုင်ပါသည်။ ထို့ထက်ပို၍ ဆိုရလျှင် တက္ကသိုလ်တစ်ခုချင်းစီ၏ အားနည်းချက် အားသာချက်များကို အတွင်းကျကျခွဲခြားကြည့်ရမည် ဖြစ်ပါသည်။ ထိုသည်မှာ အဆင့်သတ်မှတ်ချက်ကို ကြည့်ရသကဲ့သို့ မလွယ်ကူ မရိုးရှင်းပါ။

၅။ တိုးတက်သောပညာရေးစနစ်ရှိသည့် နိုင်ငံတိုင်းတွင် လူတိုင်းက အကောင်းဆုံးဟုလက်ခံထားသည့် တက္ကသိုလ်များ ရှိကြပါသည်။ အင်္ဂလန်နိုင်ငံ (UK) တွင် ထိုကဲ့သို့တက္ကသိုလ် (၂၀)မှ(၃၀) တို့ထက်ပို၍ (၅၀)အထိရှိနိုင်ပါသည်။ ကနေဒါ နိုင်ငံတွင် (၁၀)မှ(၂၀)နှင့် အမေရိကန်နိုင်ငံတွင် ထို့ထက်ပို၍ (၁၀၀)မှ(၂၀၀) အထိ ရှိနိုင်ပါသည်။ သင်၏ရွေးချယ်မှုသည် တက္ကသိုလ်၏အဆင့်သတ်မှတ်ချက် အဆင့်(၁၀၀) သို့မဟုတ် အဆင့်(၁၅၀)စသည့် အဆင့်သတ်မှတ်ချက်တစ်ခုတည်း ပေါ်တွင်မုတည်လိမ့်မည် မဟုတ်ပါ။ မိမိတစ်ဦးချင်း၏လိုအပ်ချက်ဖြစ်သော ကျောင်းလခ၊ ကျောင်းတည်နေရာ၊ မိမိ တက်ရောက်လိုသည့် အဓိကဘာသာရပ်(Major)၏ မဟာဌာန(Faculty) စသည်တို့ပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါ သည်။

အကျဉ်းချုပ်အားဖြင့် ကျောင်းသားများသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် (Global Ranking) ဟုခေါ်ဆိုသည့် အဆင့်သတ်မှတ်ချက်များကို သတိနှင့်ယှဉ်၍ကြည့်သင့်ပါသည်။ မိမိ၏ပညာသင်ကြားရေးကို အဆင့်သတ်မှတ်ချက် တစ်ခုတည်းအပေါ်အခြေခံပြီး မရွေးချယ်သင့်ပါ။ အမှန်အားဖြင့် ထို့ထက်ပို၍ဆိုရလျှင် ကျောင်းသားများအနေဖြင့် အဆင့်သတ်မှတ်ချက်များ အပေါ်တွင် အလွန်အမင်းမကြည့်သင့်ပါ။ သင့်အနေဖြင့် King Saud University (QS workd အဆင့် ၂၂)၊ University of Putra Malaysia (QS အဆင့် ၂၂၉)၊ Univeristy of Kebangsaan (QS အဆင့် ၂၃၀) သို့မဟုတ် ဆိုကြပါစို့ ယင်းထက်အဆင့်နိမ့်သော Washington State University (QS အဆင့် ၄၀၁ – ၄၁၀)စသည့်တို့တွင် ပညာသင်ယူမည်လား? ကျွန်ုပ်တစ်ဦးချင်းအနေနဲ့ အဖြေကိုသိပါသည်။ သင်တို့အဖြေကိုသိလိမ့် မည်ဟု ကျွန်ုပ်အနေနှင့်မျှော်လင့်ပါသည်။

Min Thu Maung (PhD)
Dean
Myanmar Ivy College of Business and Technology